နတ်မောက် ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘော်အိုင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့်ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယစက်ဝန်းဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဘော်အိုင်ကျေးရွာမှကော်မတီဝင်များ၏ ငွေစာရင်းဖြည့်သွင်းထားရှိမှု၊ စာရင်းဇယား ထိန်းသိမ်းမှုများနှင့် ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ (၄၄)ဦးတို့၏ ငွေကျပ်(၁၃.၂)သန်းဖြင့် စိုက်ပျိုးလုပ်ကိုင်မှုများ၊ ငွေကျပ်(၁၆.၈)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ကိုင်သူ(၈၄)ဦးတို့၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မူမူစန်း