ရေဖြူ ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ စည်ပင်သာယာဈေးနှင့် ရေး-ထားဝယ်သွားလမ်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် (191)စတေကာကပ်ပေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထို့သို့ အသိပညာပေးဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကိုမင်း ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ရေဖြူမြို့၊ စည်ပင်သာယာဈေးလာ ဈေးရောင်းဈေးဝယ်သူများနှင့် ရေး- ထားဝယ်ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်သူများကို မီးလောင်မှုဖြစ်ပေါ်လာပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပါသော (191)စတေကာပြားများကပ်ပေးခြင်း၊ မီးဘေးလုံခြုံရေးအတွက် သိရှိလိုက်နာရမည့် ရှောင်ရန်/ဆောင်ရန်အချက်များပါရှိသော အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် (191)စတေကာကပ်ပေးခြင်းကို မိမိတို့မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများတို့ကပူးပေါင်း၍ မိဘပြည်သူများအား သိရှိနားလည်းစေရန်အတွက်ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေး လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း အဆိုပါမီးသတ်ဦးစီးဌာနမှ သိရသည်။
ခတ္တာ