သဲကုန်း ဖေဖေါ်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်ထုတ်ယူရာတွင် ဖေဖော်ဝါရီ၂၁ ရက်မှ၂၈ ရက်အထိ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်းနှင့် သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့ပြပင်စင် (၁၀၄၆)ဦး၊ ကာကွယ်ရေး ပင်စင် (၂၉၉)ဦး၊ နိုင်ငံရေးပင်စင် (၁၉၇)ဦး၊ စုစုပေါင်း ပင်စင်စား (၁၅၄၂) ဦးရှိကြောင်း မြို့နယ်မြန့်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ် (ပြန်/ ဆက်)