မင်းလှ ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းဖြေ ကျောင်းသား ကျောင်းသူ ၉၈ ဦး၊ ပြင်ပဖြေ ကျောင်းသား ကျောင်းသူ ၂၉၀ ဦး စုစုပေါင်း ၃၈၈ ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းလှမြို့နယ်မှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ဘာသာတွဲ(၁)၌ (၂၂၈)ဦး၊ ဘာသာတွဲ(၂)၌ (၅၉)ဦး၊ ဘာသာတွဲ(၇)၌ (၁၀၁) ဦးဖြစ်ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ကျား(၁၄၅)ဦး၊ မ(၂၄၃)ဦး ပေါင်း(၃၈၈) ဦးရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုကျင်းပရန် စာစစ်ဌာနနှစ်ခုစီစဉ်ထားရှိကြောင်းနှင့် အဆိုပါစာစစ်ဌာနများမှာ အ.ထ.က မင်းလှ(မြို့ပြင်) နှင့် အ.ထ.က စစ်ကွင်းစာစစ်ဌာနတို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်စ(ပြန်/ ဆက်)