ပန်းတောင်း ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်တောင်းမြို့နယ်၊ တောင်ဘို့ကြီးအုပ်စု၊ မြေဝါကုန်းကျေးရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး ဦးလှဌေး၏ နေအိမ်ဘေး မြေကွက်လပ်၌ (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းနားတွင် နိုင်ငံတော်အလံ၊ အရှိုချင်းတိုင်းရင်းသားအလံနှင့် ချင်းတိုင်းရင်းသား ခေါင်းဆောင်ကြီးများအား အလေးပြု၍၊ ဆလိုင်းပေါလုမှ ချင်းအမျိုးသားနေဖြစ်ပေါ်လာပုံ၊ ဆလိုင်းအောင်ကြီးမှ အရှိုချင်းအမျိုးသားနေ့ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အရှိုချင်းအမျိုးသား ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်ညွန့်မှ ဖောင်ဒေးရှင်းလုပ်ငန်းများ၊ မိုင်ခင်တင်မှ လူငယ်ရေးရာ လုပ်ငန်းများတို့အား အသီးသီးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အရှိုချင်း တိုင်းရင်းသားရေးရာစာပေနှင့် ယဉ်ကျေးမှုကော်တီဥက္ကဋ္ဌ ဆလိုင်းပေါလု၊ အဖွဲ့ဝင်ဆလိုင်းအောင်ကြီးနှင့် ကော်မတီဝင်များ၊ အရှိုချင်းတိုင်းရင်းသားလူငယ်ရေးရာ နာယက ဆလိုင်းဖိုးမြိုင်နှင့်အဖွဲ့ဝင်များ၊ ဥက္ကဋ္ဌမိုင်ခင်တင်နှင့်အဖွဲ့ဝင်များ၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးလှဌေးနှင့် ရပ်မိရပ်ဖများ၊ မြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသား ကျေးရွာများမှ ကိုယ်စားလှယ်များ၊ မြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားများ၊ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ ဆက်)