လှိုင်းဘွဲမြို့နယ်တွင် မိမိခြံဝင်းအတွင်း ဂန္ဓာမာပန်းများ တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ မိသားစုပုံမှန်ဝင်ငွေများရရှိ

လှိုင်းဘွဲ   ဖေဖော်ဝါရီ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိမိခြံဝင်းအတွင်း ဂန္ဓာမာပန်းများတစ်ပိုင်တစ်နိုင် စိုက်ပျိုး ခူးဆွတ်ရောင်းချလျက်ရှိရာ မိသားစုစာဝတ်နေရေးအတွက် ပုံမှန်ဝင်ငွေများ ရရှိကြောင်း သိရသည်။

ဂန္ဓာမာပန်းများကို မိမိတို့အိမ်ရှိ မြေကွက်လပ်၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကာ ပန်းများကို စတင်ပျိုးချိန်မှ(၄)လအကြာတွင် ပန်းပွင့်များပွင့်ပြီး ခူးဆွတ်၍ ရောင်းချလျက်ရှိရာ မိသားစုဝင်ငွေများ အဆင်ပြေလျက်ရှိကြောင်း၊ ဂန္ဓမာပန်းပင်များကို ကမော့ကချူးကျေးရွာအုပ်စု၊ ရေမြင်းသာယာ ကျေးရွာနှင့် ဖာပွန်ကျေးရွာ၊ လှိုင်းဘွဲမြို့(က)ရပ်ကွက် အောင်မြင်သာယာလမ်းဘေးနှင့် (ဂ)ရပ်ကွက် လှိုင်းဘွဲချောင်းဘေးနားတို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိကြောင်း သိရသည်။       

စောဒိ(ပြန်/ဆက်)