သံတောင်ကြီး ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပြည်သူများအနေဖြင့်ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Showကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနော်နီလာအေးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဒါယေလ က မီးသတ်ဦးစီးဌာန၏ တာဝန်ကြီး(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊ မီးလောင်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ် ရမည့်နည်းလမ်းများ ၊မီးလောင်မှုဖြစ်ပွားပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ သိရှိလိုပါက မီးသတ်ဦးစီးဌာန၏Pageတွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
စောမင်းသား