ရေဖြူ ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ကျေးရွာ၊ ဓမ္မပါလကျောင်းတိုက်၌ ယမန်နေ့ နံနက် ၈ နာရီက ဓမ္မစကူးလ် သင်တန်းဆင်းပွဲကို ရေဖြူမြို့နယ်၊ ဂန့်ဂေါ်တောင်ကျေးရွာ၊ဓမ္မပါလကျောင်းတိုက်၌ ကျင်းပသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင်ဆရာတော် ဥူးဣန္ဒာစရိယ ကသင်တန်းဆင်းသြဝါဒစကား မြွက်ကြားကာ တစ်နှစ်တာသင်တန်း အောင်မြင်ခြင်း လက်မှတ်များ ချီးမြှင့်၍ ဆုရကျောင်းသူကျောင်းသားများအား ဆုများ ချီးမြင့်ပြီး သင်တန်းနည်းပြဆရာ ဆရာမများအား လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ တစ်နှစ်တာသင်တန်းတွင် သင်တန်းသားသင်တန်းသူ ၃၀၀ ကျော်အောင်မြင်စွာ တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် သင်တန်းကို မေလအလယ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။
ခတ္တာ