ဖျာပုံ ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ၏စီစဥ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ခရိုင်ဘော်ကျေးရွာအုပ်စု၊ တမံကြီးကျေးရွာအနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က၊ တမံကြီးကျေးရွာမြရတနာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးငွေ မင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဌေးနိုင်ဦးတို့က ကျေးရွာလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကိစ္စရပ်များ၊ ကျေးရွာအတွင်းနယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်မိရပ်ဖများ၊ ပြည်သူ့စစ်အဖွဲ့များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် အတူပူးပေါင်းဆောင်ရွက်ကြရန်၊ ရှင်းလင်းဆွေးနွေးပြောကြားကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးက ယခုကဲ့သို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျန်းမာရေး၊ ပညာရေး၊ ဒေသလုံခြုံရေးကိစ္စရပ်များနှင့် မြို့နယ်လဝကမှ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာဌာနအလိုက် ကျေးရွာနေ ပြည်သများအား၊ ဝန်ဆောင်မှုအဖြစ်ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးပြောကြားကြပြီး၊ တက်ရောက်လာကြသော ပြည်သူများက ကျေးရွာအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အခက်အခဲများအား တင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)