နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် စားတော်ပဲစမ်းသပ်စိုက်ပျိုးခဲ့သည့် စံကွက်ရိတ်သိမ်း

နတ်မောက် ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက အင်းကုန်းကျေးရွာရ၌ စားတော်ပဲစမ်းသပ်စိုက်ပျိုးခဲ့သည့် စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ  ကျေးရွာ တောင်သူများနှင့်အတူ ကွင်းအမှတ်(၄၆၁)၊​တောင်သူဦးစိုးလှိုင်၏ ယာမြေတွင် သီးနှံမျိုးသစ် ဆောင်း ရာသီစားတော်ပဲ စမ်းသပ်ကွက်စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက (၇.၄၈)တင်းနှုန်းထွက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး လူနေမှုဘ၀မြင့်မားလာစေရန်နှင့် ဒေသနှင့်ကိုက်ညီမှုရှိပါက ပိုမိုစိုက်ပျိုးနိုင်ရန်၊ ဒေသစားသုံးမှုမြင့်မားပြီး စျေးကွက်ကောင်းရရှိနိုင်သည့်အတွက် စားတော်ပဲတိုးချဲ့စိုက်ပျိုးနိုင်ရေး  တောင်သူများအား ပညာပေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို့ထံမှ သိရသည်။

မူမူစန်း