ရွှေတောင် ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စု၊ မကျီးကုန်းတန်း ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာတို့ ဆက်သွယ်ထားသော (မကျီးကုန်းတန်း - ပြည့်ထက်ဝက် - လက်ရဲတပ် - မြောင်းတပ် - ရွာသစ်ကြီး) ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဒေသခံပြည်သူများ သွားလာမှုလွယ်ကူစေရေးအတွက် ဆောက်လုပ်လှူဒါန်းသည့် ပြည်ထက်ဝက်တံတား အသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ တံတားဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ အလှူရှင် ဒေါ်နုနုရီ၊ အလှူရှင် ဦးဇော်ဝင်း + ဒေါ်ခင်ဝင်းမာ "လင်းရောင်ခြည်" ယိုစုံနှင့် "ရွှေအိုးဝေ" ချင်းရှောက်လုပ်ငန်းမိသားစုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ၊ ဒေသခံပြည်သူများက တံတားပေါ်သို့ ကြည့်ရှုခဲ့ကြသည်။
အဆိုပါတံတားသည် ယခင်က သစ်သားတံတားဖြစ်ပြီး ဒေသတွင်းရှိ ကျေးလက်နေပြည်သူများ သွားလာဆက်သွယ်မှု အဆင်ပြေချောမွေ့ စေရေးအတွက် အလျား (၁၀) ပေ၊ အနံ (၁၈) ပေ၊ အမြင့် (၁၀) ပေရှိ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်းတံတား တန်ဖိုး ငွေကျပ် ၁၃၅၀၀၀၀၀/- ဖြင့် အလှူရှင်မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တံတားဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်မိသားစုဝင်များနှင့် ဒေသခံပြည်သူများ (၁၂၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)