လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲသိမ်းကျေးရွာတွင် ပြည်သူများအနေဖြင့် ကုသိုလ်တရားများ ရရှိလာစေရန်နှင့်တရားတော် တိုးပွားလာစေရန်အတွက် အခြေခံမိုးကုတ်ဝိပဿနာ တရားစခန်းပွဲကို ယမန်နေ့ညက မဲသိမ်ကျေးရွာ ဘုတ်တော်ကြီးကျောင်း၌ တရားစခန်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတရားစခန်းကို မဲဆမိတ် ကျောင်းဆရာတော် အရှင်စန္ဒရက ဓမ္မနှင့်နေထိုင်မှသာလျှင် ဘဝအေးချမ်းခြင်း ခေါင်စဉ်ဖြင့် ဟောကြားတော်မှုခဲ့ပြီး အခြေခံမိုးကုတ်ဝိပဿနာတရားစခန်းပွဲကို မဲသိမ်ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးဆောင်၍ မဲဆမိတ်ကျောင်းဆရာတော်နှင့် ဆရာတော်၊ သံဃာတော်ကြီးများက ဓမ္မတရားတော်များ၊ အခြေခံမိုးကုတ်ဝိပဿနာတရားတော်များကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှစတင်ကာ ဖေဖော်ဝါရီလ(၁၉)ရက်နေ့အထိ ညစဉ်(၆)နာရီတွင် တရားစခန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)