ပန်းတနော် ဖေဖော်ဝါရီ ၁၉
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ရုတ်တရက်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတနော်မြို့နယ်တွင် လူနေအိမ် (၂၂)လုံး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အိုင်ကနူးကျေးရွာနှင့် နှဲကောကျေးရွာတွင် လူနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ ဂျို့အိုင်ကျေးရွာနှင့် ဇီးပင်ကျေးရွာတွင် လူနေအိမ် (၇)လုံး၊ အိမ်ထောင်စု (၇)စု၊ အလွတ်ဝကျေးရွာတွင် လူနေအိမ် (၈)လုံး၊ အိမ်ထောင်စု (၈)စု၊ ကျုံလမ်းကျေးရွာတွင် လူနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စု၊ ငှက်ပျောတောကျေးရွာတွင် လူနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စု စုစုပေါင်း လူနေအိမ် (၂၂)လုံး၊ အိမ်ထောင်စု (၂၂)လုံး နေအိမ်များပြိုကျပျက်စီးခြင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)