ချောက် ဖေဖော်ဝါရီ ၁၈
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/သူကလေးငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်အတွက် နွေရာသီ အင်္ဂလိပ်စာ level-1 နှင့် level-2 သင်တန်း (အခမဲ့)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိ အပတ်စဉ် (တနင်္လာ၊ အင်္ဂါ)နေ့တိုင်း မွန်းတည့်(၁၂)နာရီမှ မွန်းလွဲ(၂)နာရီအထိ (၁၂)ရက်ကြာ (အခမဲ့)သင်ကြားပေးသွားမည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြအဖြစ် ဒေါ်မွန်မွန်ကို(အောင်ပြည့်သာ Education Centre)မှ သင်ကြားပေးသွားမည်ဖြစ်ပြီး အင်္ဂလိပ်စာသင်တန်း level-1 တွင် Jolly Phonics Alphabet(A to Z) Poems ၊ listening ၊Speaking ၊ Dancing နှင့် အင်္ဂလိပ်စာသင်တန်း level-2 တွင် CVC blend Forms Blending Vocabulories(64 cards)၊Short Vowels & Long Vowels ၊ Activities ၊ Daily Speaking ၊ Uses of Articles တို့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချောက်မြို့နယ်ရုံးသို့ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ကျော်မိုး