နတ်မောက် စက်တင်ဘာ ၂၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှစက်တင်ဘာ(၁၆) ရက်နေ့ည(၈)နာရီအချိန် ကိုဗစ်-၁၉ ရောဂါသတင်း ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျွေးထူးကန် ကျေးရွာ သို့ စက်တင်ဘာ (၁၁ ) ရက်နေ့တွင် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသည့် အမျိုး သား တစ်ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါပိုးတွေ့လူနာ ( Case-3803) အားစက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ထမ်းများမှ မကွေးတိုင်းဒေသကြီး တိုင်းဆေးရုံကြီးသို့ပို့ဆောင်၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူစေခဲ့ပြီး ယမန်နေ့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာအား ဆေးရုံ ဆင်းခွင့်ပြုရန် သတ်မှတ်ချက်များအရ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး နတ်မောက်မြို့နယ် အသွားအလာကန့်သတ် ထားသော နေရာသို့ စက်တင်ဘာ (၂၈)ရက်နေ့ နေ့လည်ပိုင်းတွင် ပြန်လည်ရောက်ရှိကာ မိမိမှ တဆင့် အခြားသူများကို ရောဂါကူးစက်မှုမရှိစေရန် မိမိနေအိမ်တွင်သာ (၇)ရက် တိတိ ထားရှိရန် မှာကြားပြီး ၎င်း၏နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)