မိုးညို စက်တင်ဘာ ၂၉
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင် ရွက်သည့် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) နှစ်ခုအား စက်တင်ဘာ ၁၅ ရက် နေ့တွင် ရာနှုန်းပြည့်အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာယမင်းထိုက် ထံမှ သိရသည်။
မိုးညိုမြို့နယ်တွင် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း (၁၀၀)စီဖြင့် ကျေးရွာ(၉)ရွာတွင် လုပ်ငန်းခွဲ(၃၄)ခု အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။
ထို့အတူ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း Type-1 ကျေးရွာ(၅)ရွာနှင့် Type-2 ကျေးရွာ(၃) ရွာတို့အတွက် ငွေကျပ် သိန်း(၂၁၀၀)ဖြင့် ကျေးလက်နေပြည်သူများအား စီမံကိန်းချေးငွေ ထုတ်ပေးနိုင်ခဲ့ရာ ယခုအချိန်၌ မိုးညိုမြို့နယ်တွင် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) တို့ဖြင့် အိမ်ခြေ(၂၇၄၁)၊ အိမ်ထောင်စု (၂၈၇၅)တို့အား အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)