ပုလောမြို့နယ်၌ နေရပ်ပြန်သူ (၂၇) ဦးထံမှ Swab နမူနာများ ရယူ

ပုလော၊ စက်တင်ဘာလ   ၂၉

ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီ၀င်များနှင့် ပူးပေါင်း၍ ပြည်တွင်း/ပြည်ပမှ ၀င်ရောက်လာသူ နေရပ်ပြန် (၂၇) ဦးထံမှ ယမန်နေ့က အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် နမူနာများ ရယူခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌  ကိုဗစ်−၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်  မတ်လ (၂၅) ရက်နေ့ မှစတင်၍ ယနေ့အချိန်ထိ ပြည်တွင်း၀င်ရောက်လာသူ (၇၂၀) ဦး၊ ပြည်ပ၀င်ရောက်လာသူ (၁၀၁၉) ဦး စုစုပေါင်း (၁၇၃၉) ကို သတ်မှတ်နေရာများ၌ စောင့်ကြည့်ထားရှိပြီး၊ ကျန်းမာရေးကောင်းမွန်သဖြင့် ပြန်လည်စေလွှတ်သူ (၁၆၃၁) ဦးရှိပြီဖြစ်ကြောင်း နှင့် စက်တင်ဘာလ (၂၇) ရက်နေ့အထိ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ခံရမှုမရှိကြောင်း ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)