(၇၅)နှစ်မြောက် မြန်မာ-ရှရှား သံတမန်ဆက်ဆံရေး မှတ်တမ်းဓာတ်ပုံများအား ဖြူးမြို့နယ်တွင် မြေစိုက်နံရံကပ်ပြဘုတ်ဖြင့် ပြသပေး

ဖြူး ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အများပြည်သူများ လေ့လာသိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရှရှား သံတမန်ဆက်ဆံရေး မှတ်တမ်းဓာတ်ပုံ များအား ပြသပေးထားရာ လာရောက်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရုရှားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစကာ  ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုရှိခဲ့ပြီဖြစ်ကြောင်းနှင့် ထိုသို့ပြသပေး ထားရာတွင် (၇၅)နှစ်မြောက် မြန်မာ-ရှရှား သံတမန်ဆက်ဆံရေး မှတ်တမ်းဓာတ်ပုံများဖြစ်သည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများပါရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)