(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်ပြဘုတ် ပြသဆောင်ရွက်

အုတ်ဖို ဖေဖော်ဝါရီ ၁၇

နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွတ်ပေးထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် မြန်မာနိုင်ငံသမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုများ၊ စီးပွားရေးအမြင်ဖလှယ်ဆောင်ရွက်ချက်များ၊ အစည်းအဝေးပွဲ တက်ရောက်မှုမှတ်တမ်းများ၊ နိုင်ငံပိုင်တည်ဆောက်ရေးလုပ်ငန်းများအား ဝေဝေဆာဆာပြသထားရှိရာ ကျောင်းသား/ ကျောင်းသူများနှင့် မြို့နေပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးအနေဖြင့် နံရံကပ်စာစောင် ပြသခြင်းလုပ်ငန်းများအား လစဉ်ပြသလျက်ရှိပြီး၊ နိုင်ငံတော်မှကြီးမှူးကျင်းပသည့် ပွဲတော်များ၊ နေ့ကြီးရက်ကြီးအခမ်းအနားများနှင့် နိုင်ငံတော်၏ တည်ဆောက်ပြုပြင် ဆောင်ရွက်ချက်များအား လစဉ်ပြသပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ (ပြန်/ ဆက်)