ဘိုကလေးမြို့နယ် ပြန်/ဆက်ရုံး မြေစိုက်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်

ဘိုကလေး ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို အများပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ပြသဆောင်ရွက်ထားရှိသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာနှင့်ရုရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်မှတ်တမ်းများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ အရှေ့ဖျားရေငုတ်သင်္ဘောဌာနချုပ်၊ အာကာသလွှတ်တင်ရေး စခန်း၊ လေယာဉ်ထုတ်လုပ်ရေးစခန်းစက်ရုံများအား လေ့လာကြည့်ရှုခဲ့သည့် မှတ်တမ်းပုံများအား ပြသဆောင်ရွက်ထားကြောင်းနှင့် ပြသထားရှိမှုအား အများပြည်သူများအနေဖြင့် စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)