စုကလိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

စုကလိ ဖေဖော်ဝါရီ  ၁၇

စာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုအတွေးအခေါ်များမြှင့်တင်ခြင်းဖြင့် ပြောင်းလဲနိုင်ကြပြီး စာဖတ်ပြီး အတွေးအမြင်များအား ပြန်လည်မျှဝေတတ်စေရန်နှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ ဦးဆောင်၍ စာရေးဆရာအောင်သင်းရေးသားသည့် ကျောင်းသားလူငယ်တွေနှင့် အခြား ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှစာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် (Book Club) အသင်းဝင်မှ ဦးညီညီအောင်က ကျောင်းသားလူငယ်များအတွက် ရေးသားထားသော ဆောင်းပါး (၁)မှ (၅) အထိ လည်းကောင်း၊ ဒေါ်ကရိုဖောက ဆောင်းပါး(၆)မှ (၁၀)ထိလည်းကောင်း၊ ဦးကိုကိုအောင်မှ စကားမစပ် ဖြတ်၍ပြောခြင်း ဆောင်းပါးဖြင့် လည်းကောင်း အသီးသီးဆွေးနွေးပေးခဲ့ကြသည်။

ဆက်လက်၍ စာဖတ်ဝိုင်းတွင်သိရှိလိုသည်များအား မေးမြန်းကြရာ စာကြည့်တိုက်တာဝန်ခံမှ ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ပိုပိုအောင်