သရက်ချောင်း ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်း၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေး(Talk Show)ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာသည်ဖြစ်၍ လျှပ်စစ်မီး သုံးစွဲနေသောပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အသိပညာပေး(Talk Show)ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဝင်းဇော်က လျှပ်စစ်ပစ္စည်းကိုင်တွယ်အသုံးပြုရာတွင် သတိထားဆောင်ရွက်ရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များ၊လျှပ်စစ်အန္တရာယ်ဖြစ်နိုင်သောအချက်များတွေ့ရှိပါက နီးစပ်ရာ လျှပ်စစ်ရုံးများသို့ အမြန်ဆက်သွယ်အကြောင်းကြားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် သတိပြုရမည့်အချက်များ၊ ဓါတ်လိုက်ခံရသူအား ကုသရန်ရှေးဦးသူနာပြုစုနည်းများအကြောင်း စသည့် အကြောင်းအရာများဖြင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် အသိပညာပေး(Talk Show) အစီအစဉ်များကို လစဉ်ရိုက်ကူး၍ Online pageမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)