လိပ်သို ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ဒေသခံအချို့သည် အိမ်သုံးတံမြက်စည်းပြုလုပ်သည့် တံမြက်စည်းတံများ ဈေးကောင်းရရှိနေ၍ ချိုးရောင်းသူများဝင်ငွေကောင်းလျက်ရှိသည်။
“တံမြက်စည်းအပင်တွေက သဘာ၀အလျောက်ပေါက်နေတာဆိုတော့ အရင်းအနှီးမရှိဘူးလေ။ လုပ်အားဘဲစိုက်ရပြီး ရသမျှအမြတ်လို့ပြောရမှာပေါ့။ တံမြက်စည်းတံ အစိုတစ်ပိဿာကို (၇၀ဝိ/-) ကျပ် ၊ အခြောက်တစ်ပိဿာကို(၁၃၀ဝိ/-) ကျပ်၊ တံမြက်စည်းတစ်လက်ကို (၂၀၀ဝိ/-) ကျပ်နှုန်းဖြင့် ပြုလုပ်ရောင်းချရကြောင်း ဒေသတွင်းရှိကုန်စုံဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များအား ရောင်းချရကြောင်း” အမှတ်(၁)ရပ်ကွက်မှ တံမြက်စည်းလက် ပြုလုပ်ရောင်းချသူတစ်ဦးထံမှ သိရသည်။
အဆိုပါ တံမြက်စည်းပင်များသည် ဥယျာဉ်ခြံမြေ၊ တောတောင်များနှင့် မြေလပ်/ မြေကွက် စသည့်နေရာအနှံ့တွင် သဘာ၀အလျောက်ပေါက်ရောက်သည့်အပင်ဖြစ်ပြီး အဝယ်ဒိုင်များက တံမြက်စည်းတံများအား နေလှန်းခြင်း၊ တံမြက်စည်းအသီးများခြွေထုတ်ခြင်း စသည့် ကုန်ကြမ်းအဆင့်ထိပြုလုပ်၍ လိပ်သိုမြို့ အဝယ်ဒိုင်များနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
ခင်လေးနွယ်