ရှမ်းရွာသစ်မြို့၌ ကိုဗစ်-၁၉ ကာလတွင် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ရှမ်းရွာသစ်     စက်တင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ် -၁၉ ကာလတွင် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက်  အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်က ကိုဗစ်-၁၉ ကာလတွင် ဝန်ထမ်းများ စားသောက် ရေးအဆင်ပြေစေရန် အတွက်အ‌ခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး အပ်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်း များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလည်း တိတိကျကျ လိုက်နာကြရန် စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း (၁၃)ဦးတို့အား တစ်ဦးလျှင် ကြက်ဉ (၁၀)လုံး၊ အာလူး(၁) ပိဿာ၊ ဆီ (၅၀)ကျပ်သားနှင့် ဆား (၁)ထုပ်စီ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)