မုံရွာ စက်တင်ဘာ ၂၉
၂၀၂၀-ပြည့်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဥ်ကာလအတွင်း မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားကော်မတီ နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ကြီးမှူးပြီး ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်ကြည်လင် ပေါ့ပါးသွက်လက်စေရန် ရည်ရွယ်၍ မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲခဲ့သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
အဆိုပါ ပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် မြို့နယ်(၃၄)မြို့နယ်မှ အားကစားမောင်မယ်(၃၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယမန်နေ့ နေ့လယ (၁)နာရီက ပထမဆု ငွေကျပ်သုံသိန်းကို မကျင်ဒိတ်ဆန်နွမ်(တစ်မူးမြို့နယ်)မှ လည်း ကောင်း၊၊ ဒုတိယဆု ငွေကျပ်နှစ်သိန်းကို မဟန်နီဝင်းအောင်(ကသာမြို့နယ်)မှ လည်းကောင်း၊ တတိယဆု ငွေကျပ် တစ်သိန်းကို မနှင်းအိအိခိုင်(ဒီပဲယင်းမြို့နယ်)မှလည်းကောင်း၊ နှစ်သိမ့်ဆု တစ်ဆုတွင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် (၅)ဆုအထိ မနန္ဒမြင့်မိုရ်(ပင်လည်ဘူးမြို့နယ်)၊ မနွယ်မာအောင် (အရာတော်မြို့နယ်)၊ မသင်းရွှေရည်(ကန့်ဘလူမြို့နယ်)၊ မခင်စိုးမိုးဦး(ကလေးမြို့နယ်)နှင့် မဝင်းသဥ္ဇာလွင်(ရေဦးမြို့နယ်)တို့မှ ဆုများရရှိခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၏ ညွှန်ကြားချက်ဖြင့် ဆုတံ ဆပ်နှင့်ငွေသားဆုများကို သက်ဆိုင်ရာမြို့နယ် အားကစားတာဝန်ခံများမှ တစ်ဆင့် ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)