မုံရွာ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်း သန်း၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် ကာလအတွင်း ဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ (ပထမ)အကြိမ် ထောက် ပံ့ ပေးအပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ရုံးဝန်ထမ်း(၂၁)ဦးအတွက် တစ်ဦး လျှင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်(၆)ပြည်၊ဆီ(၁)ပိဿာ၊ဆား(၁)ထုတ်၊ အချိုမှုန့် (၁)ထုပ်၊ ပါပလာ(၁)ထုပ်၊အသားတု(၁)ထုပ်၊ကြက်ဥ(၁၀)လုံး၊ ဆပ်ပြာ)၁)ဘူး၊ ယမ်ယမ် ခေါက်ဆွဲ(၁)ဖာ၊ Mask(၁)ဘူးစုစုပေါင်း(၁၀)မျိုးကို တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ ပေး အပ်ခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)