မိုးညိုမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများပြသ

မိုးညို   ဖေဖော်ဝါရီ   ၁၇

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိသည်။

ထိုသို့ပြသထားရာတွင် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းများ၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံမှု မှတ်တမ်းဓါတ်ပုံများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် နံရံကပ်ဘုတ်တွင် ပြသထားရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)