ပလောက်၊ စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ မြို့ပေါ်ရပ်ကွက်များတွင်(၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးများနှင့်ကြောင်များအား ကာ ကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ထိုးနှံပေးခဲ့သည်။
တိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒု-လက်ထောက် ကြီးကြပ်ရေးမှူး ဦးရဲအောင်မှ မြို့ပေါ်ရပ်ကွက်များရှိ အိမ်များတွင် မွေးမြူထားသော ခွေးများ၊ ကြောင်များ၊ ခွေးလေခွေးလွင့်များကို ခွေးရူးရောဂါကာကွယ်ဆေး အိမ်တိုင်ရာရောက် လိုက်လံ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
နှင်းမြူလွင် (ပလောက်-ပြန်/ဆက်)