ပွင့်ဖြူ ဖေဖော်ဝါရီ ၁၆
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စာစစ်ဌာန(၂)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၄၁ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၂)ခုဖြင့် ဖြေဆိုကျင်းသွားမည်ဖြစ်ကာ ပွင့်ဖြူမြို့ (အ.ထ.က) စာစစ်ဌာနတွင် အတွင်းဖြေ ၈ ဦး၊ အပြင်ဖြေ ၄၀၁ ဦး၊ ကုန်းဇောင်းကျေးရွာ (အ.ထ.က) စာစစ်ဌာနတွင် အတွင်းဖြေ ၃၂ ဦး၊ အပြင်ဖြေ ၂၀၀ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၆၄၁ ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ(ဖောင်)များ တင်ထားပြီးဖြစ်ကြောင်း သိရကာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား/ကျောင်းသူများကို တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)