မင်းတုန်း ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တိုင်တားကျေးရွာတွင် ယမန်နေ့ နံနက် ၁၀နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ကြက်ခြေပြာဝန်ထမ်းများက ကျွဲ၊နွားကောင်ရေ (၂၀၀) အား ပေါင်ပုပ်လက်ပုပ်နှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ပေါင်ပုပ်လက်ပုပ်နှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ကျွဲ၊ နွားများကို အဓိကအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသော ကျေးလက်နေ တောင်သူများ၏ ခိုင်းကျွဲ၊ ခိုင်းနွားများရောဂါကြောင့် ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင် မည်ဖြစ်ပြီး တောင်သူများ များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)