လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ ရှာဖွေရန် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှု

လိပ်သို ဖေဖော်ဝါရီ ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ များပြားလာကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်တွင် သုတ/ ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ၊ ရွှေသွေးဂျာနယ်၊ တိုင်းရင်းသားရိုးရာရုပ်ပုံပြ ပုံပြင်စာအုပ်များ စသည့်စာအုပ်/ စာစောင်များအပြင် ကလေးများအကြိုက် ပြိုင်ပွဲအစီအစဉ်များ၊ ကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်း၊  စာကြည့်တိုက်သည် ဗဟုသုတရှာဖွေရာ နေရာတစ်ခုအဖြစ်  ဖွင့်လှစ်ထားရှိသည့်အပြင်  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ (Talk Show) အစီအစဉ်များနှင့်  ကလေးများပျော်ရွှင်စေရန်နှင့် စိတ်အေးချမ်းသာစွာ စာပေများကို ဖတ်ရှုလေ့လာစေရန်အတွက် သီးသန့်ဆောင်ရွက်ထားရှိပြီး ကလေးများစိတ်ကြိုက်ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ စသည့် ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေမည့် ပြိုင်ပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (ပြန်/ ဆက်)