ပေါင်းတည်မြို့တွင် Cash For Word အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသော ဆည်ရေအသုံးချရေး လုပ်ငန်းများအတွက် WUA အဖွဲ့သို့ ရန်ပုံငွေပေးအပ်

ပေါင်းတည် စက်တင်ဘာ  ၂၈

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင် Cash For Word အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသော ဆည်ရေအသုံးချရေး လုပ်ငန်းများအတွက် WUA အဖွဲ့သို့ ရန်ပုံငွေပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြာနီကန်ကျေးရွာ အုပ်စုဝဲကြီးဆည်မြောင်း လက်ဝဲမြောင်းလက်တံခွဲ LDY4 တူးမြောင်းနံဘေး ရှင်းလင်းဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်အောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင် ပဲခူးတိုင်းအနောက်ပိုင်း ဆည်မြောင်းတည်ဆောက်ရေး(၂) ပြည်ထိန်းသိမ်းရေးမှူး ညွှန်ကြားရေးမှူး ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ ပေါင်းတည်မြို့နယ် ဆည်မြောင်းထိန်းသိမ်းရေးမှ  တာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တာဝန်ရှိသူများက ဒေသခံတောင်သူအစုအဖွဲ့ တာဝန်ခံ အင်းကြီးရွာမှ ဦးသန်းနိုင်ဦးထံသို့ ရန်ပုံငွေများ ပေးအပ်ပြီး တာဝန်ခံမှ LDY4 မြောင်းအား နွေစပါးစိုက်ချိန်အမှီ ရေပေးဝေရန်အတွက် ရေအသုံးချသူများအသင်းမှ နုန်းဆယ်ခြင်း တူးမြောင်းအတွင်း ပေါင်းမြက် ရှင်းလင်းခြင်း ကိစ္စရပ်များ စီမံဆောင်ရွက် လုပ်ကိုင်နေမှုများအား အသေးစိတ် ရှင်းလင်း ပြောကြားသည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်