မုံရွာ ဖေဖော်ဝါရီ ၁၆
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မြန်မာ့ရိုးရာ ထမနဲပွဲအား အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် ထမနဲထိုးနည်းကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း သင်ယူတတ်မြောက်စေရန် ဝန်ထမ်းများ စည်းလုံးညီညွတ်မှုအားဖြင့် လုပ်ငန်းတစ်ခုကို တက်ညီလက်ညီပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်လာနိုင်စေရန်နှင့် ဝန်ထမ်းအချင်းချင်း ချစ်ခင်ရင်းနှီးမှု့နှင့်အတူ မိသားစုစိတ်ဓာတ်များ ရရှိလာစေရန်တို့အတွက် ရည်ရွယ်လျက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်လှိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်က ထမနဲထိုးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က ထမနဲထိုးပြိုင်ပွဲအတွက် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားရှင်းလင်းပြီးနောက် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့က တိုင်းဒေသကြီး၊ ခရိုင်၊ မြိူ့နယ် ဝန်ထမ်းများ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို အဖွဲ့(၄)ဖွဲ့ခွဲ၍ ပါဝင်ယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက တတိယဆုရအဖွဲ့(၄)အား လည်းကောင်း၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းညွန့်က ဒုတိယဆုရ အဖွဲ့(၂) လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက ပထမဆုရ အဖွဲ့(၁)အား လည်းကောင်း၊ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်က နှစ်သိမ့်ဆုရ အဖွဲ့(၃)အားလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ခရိုင်နှင့်မြို့နယ်တို့ရုံးတို့မှ သံလုံးပစ် ပထမဆုနှင့် မီတာ(၁၀၀) ဒုတိယဆု ရရှိခဲ့သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ထမနဲထိုး ပြိုင်ပွဲဝင်များ၏ လက်ရာများဖြင့် တက်ရောက်လာသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများအား ဧည့်ခံကျွေးမွေးခဲ့သည်။
ဆက်လက်ပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့သည် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း ဝန်ထမ်းများစုပေါင်း၍ တစ်ပိုင်တစ်နိုင် Home Grander စိုက်ခင်းစိုက်ပျိုးထားမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)