သံတောင်ကြီးမြို့နယ် Community Centreခန်းမတွင် Book Club/Youth Club များ စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး ဖေဖော်ဝါရီ ၁၆

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာအောင်သင်း၏ လူငယ်များသို့မင်္ဂလာပါစာအုပ်အား ယနေ့နံနက် (၁၀) နာရီ အချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ခိုင်ခင်ထက်

(Book Club) မှစာအုပ်ပါ အကြောင်းအရာဖြစ်သည့် အနာဂတ်ကိုမကြောက်နဲ့၊ စဉ်းစားစရာ လေးတွေ၊ သူတို့အလွမ်းကျွန်တော်တို့အလှ၊ မင်္ဂလာနံနက်ခင်းဩဝါဒ၊ တစ်ခါတုန်းက တပည့်တွေ စသည့်အကြောင်း အရာများကိုဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး စောအယ်စေး (Book Club) အဖွဲ့ဝင်က နှလုံးသားကိုလေပေါ်တင်၍ပစ်သောအခါ၊

လှလိုက်တာနောနှင့်ရသစာတမ်းငယ်များ၊ ကိုယ်တွေ့စာစီစာကုံး၊ ကျွန်တော်ကျောင်းဆရာစသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကိုအပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

စောမင်းသား (ပြန် /ဆက်)