ဘားအံ ဖေဖော်ဝါရီ ၁၆
နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများထံသို့ အချိန်နှင့် တပြေးညီ ဖော်ပြနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လုပ်ငန်းတစ်ရပ် အနေဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အလူမီနီယံမြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါနံရံကပ်ပြဘုတ်တွင် မြန်မာနိုင်ငံသမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများ နှင့် တွေ့ဆုံဆွေးနွေးမှုမှတ်တမ်းဓာတ်ပုံများ၊ စီးပွားရေးအမြင်ချင်း ဖလှယ်ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ စည်းဝေးပွဲတက်ရောက်မှုမှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံပိုင်တည်ဆောက်ရေးလုပ်ငန်းများအား လေ့လာကြည့်ရှုမှု မှတ်တမ်းဓာတ်ပုံများအား ဝေဝေဆာဆာပြသထားရှိရာ ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးအနေဖြင့် အသိပညာပေးနံရံကပ် စာစောင် ပြသဆောင်ရွက်ခြင်းလုပ်ငန်းများအား တစ်လလျှင်နှစ်ကြိမ် ပုံမှန်ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်