တောင်ငူ စက်တင်ဘာ ၂၈
တောင်ငူ၌ သီးသန့်စောင့်ကြည့် quarantine centre (၆) ခု ထားရှိရာ စက်တင်ဘာလ ၂၈ ရက် စာရင်းအရ ပညာရေးကောလိပ်(ဟောင်း) တွင် (၁၈၅) ဦး ၊ သီတဂူအာယုဒါနဆေးခန်းတွင် (၁၃)ဦး ၊ သာသနာ့ဗိမာန်(ဟောင်း) တွင် (၅၈)ဦး ၊ ကသဲစုစာသင်ကျောင်းတွင် (၉၅) ဦး ၊ ပညာရေး ကောလိပ် (အသစ်) တွင် ၂၇ ဦး ၊ အမေ့သားဟိုတယ်တွင် (၈) ဦး စုစုပေါင်း ကျား (၂၆၁) ဦး၊ မ (၁၂၅)ဦး ပေါင်း ၃၈၆ ဦးတို့အား သီးသန့်စောင့်ကြည့်ထားရှိကာ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေး လျက် ရှိကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။
အဆိုပါ Quarantine ရှိ နေရပ်ပြန်များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ အစားအသောက်များကို တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးသည့်အပြင် မနက်တစ်ကြိမ် ညနေတစ်ကြိမ် အပူချိန် တိုင်းတာခြင်း ကျန်းမာရေးစစ်ဆေးခြင်းများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)