ဖောင်းပြင် စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် နိုင်ငံတော်က ချမှတ်ပေးသော ကိုဗစ်- ၁၉ ရောဂါ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ (၆)ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိသားစုဝင်ငွေတိုးပွားရေးအတွက် လုပ်ငန်းအ မျိုးအစားအလိုက် ဆောင်ရွက်ရန် ထုတ်ချေးသူ အသင်းသား/သူ စုစုပေါင်း( ၄၁၁)ဦးအတွက် စုစုပေါင်း ငွေကျပ် (၁၆၈) သန်းကို ထုတ်ချေးပေးပြီးဖြစ်ကာ ကျေးရွာကော်မတီဝင်များအနေဖြင့် ငွေစာရင်းများ ထိန်းသိမ်းရာ၌ စာရင်းဇယားများ မှန်ကန်စွာ ဖြည့်တွင်းဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားစဉ်ကာလအ တွင်း ကျေးလက်နေပြည်သူများ၏ စားနပ်ရိက္ခာဖူလုံစေရန်နှင့် မိသားစုဝင်ငွေရရှိရေးလုပ်ငန်းများ ဆုံးရှုံးခဲ့မှုများ ကို ကုစားပေးနိုင်ရန် နိုင်ငံတော်အစိုးရက ချမှတ်ခဲ့သော စီမံကိန်းဖြစ်ကြောင်းသိရသည်။
၎င်းစီမံကိန်ဖြင့် ဖောင်းပြင်မြို့နယ်တွင် အိမ်ခြေ (၁၀၀) အထက်ရှိသော ကျေးရွာတစ်ရွာလျင် ငွေကျပ် သိန်း (၃၀၀) ကိုလည်းကောင်း၊ အိမ်ခြေ (၁၀၀) အောက်ရှိသော ကျေးရွာတစ်ရွာလျင် ငွေကျပ်သိန်း(၂၀၀) ကိုလည်းကောင်း မတည်ပေး၍ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် အရင်းအနှီးမ တည်ပေးခြင်းဖြင့် ကိုဗစ်- ၁၉ ရောဂါကြောင့် ဆုံးရှုံးနစ်နာမှုများကို ပြန်လည်ကုစားပေးခြင်းဖြစ်ကြောင်း ဖောင်းပြင်မြို့နယ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအွမ်တမ်ဟုန်းထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)