ပန်းတနော် ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် သီဟိုဋ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သော (၄၁)ကြိမ်မြောက် ဓမ္မာနုဓမ္မမဟာဒွါရနိကာယသာသနာ့ပါလ စာမေးပွဲကြီးတွင် ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များ ဆွမ်းဆံစိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်က မြို့ပေါ်ရပ်ကွက်များ၌ အလှူခံကြွရောက်ခဲ့သည်။
အဆိုပါ ဆွမ်းဆံစိမ်းလောင်းလှူပွဲတွင် နာယကဆရာတော်ကြီးများ၊ စာချဆရာတော်များ၊ စာဖြေသံဃာတော်များ စုစုပေါင်း (၁၆၅)ပါးတို့မှ အရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်တို့တွင် အလှူခံကြွရောက်လျက်ရှိရာ မြို့သူမြို့သားများမှ ဆံ၊ ဆီ၊ ငရုတ်၊ ကြက်သွန်များ လောင်းလှူဒါန်းခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုးကျော်