အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက် (၈၅)နှစ် အထက် သက်ကြီး ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

အုတ်တွင်း စက်တင်ဘာ ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ  အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ပဲခူးလမ်းရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးဝင်းလှိုင်နှင့် ရပ်မိရပ်ဖ များက ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ်အရ မိသားစု စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ အသက် (၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား တစ်ဦးလျှင် (၃၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် အဘိုး (၂)ဦး ၊ အဘွား (၈)ဦး စုစုပေါင်း (၁၀)ဦးအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)