ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သော လုပ်ငန်းများ အားလုံးရာနူန်းပြည့်ပြီးစီး

ဟုမ္မလင်း   စက်တင်ဘာ    ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash For work စီမံကိန်း ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်သော ကျေးရွာ(၆)ရွာရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအားလုံးကို ရာနူန်းပြည့်ပြီးစီးခဲ့ကြောင်းရသည်။

ဟုမ္မလင်းမြို့နယ်အတွင်း၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရက ချမှတ် ထားသော ကိုဗစ် ကာလစီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ကျေးရွာပြည်သူများ ဝင်ငွေ ရရှိစေရန် ရည်ရွယ်၍  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာများမှာ နောင်လွန် ကျေးရွာတွင် ကျေးရွာတွင်း လမ်းကျောက် ရောမြေခင်းခြင်း၊ ထိန်ကင်းကျေးရွာ၌ ကျေးရွာအားကစားကွင်းတို့ချဲ့ ဆောင်ရွက် ခြင်း၊ မိုင်းတောင်းရွာ ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်း၊ နောင်ရင်း ရွာတွင် ကျေးရွာတွင်း လမ်းကျောက်ရော မြေခင်းခြင်း၊ ဆပ်ကယားရွာ ကျေးရွာအဝင်း လမ်းပြုပြင်ခြင်း၊ နောင်မိုးကျေးရွာတွင် ကျေးရွား တွင်း တံတားချဉ်းကပ်လမ်းလမ်း ကျောက်ရော  မြေဖို့ခြင်းနှင့် ကျောင်းအားကစားကွင်း ကျောက်ရောမြေဖို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

Cash For Wor စီမံကိန်းဖြင့် ကျေးရွာ(၆)ရွာကို စီမံကိန်း ရန်ပုံငွေကျပ် (၆၀၀)သိန်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အား ဇူလိုင်လ (၂၈)ရက်နေ့တွင် စတင်ပြီး၊ စက်တင်ဘာလ (၁၇)ရက်နေ့ တွင် လုပ်ငန်းများ အားလုံး ကို(၁၀၀)ရာခိုင်နူန်းအောင်မြင်စွာ ပြီးစီးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးမင်းလတ် ထံမှသိရသည်။

လင်းလင်း(ပြန်/ဆက်)