နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးဆောင်ရွက်

လေရှီး        စက်တင်ဘာ        ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် COVID-19 ကူးစက် ရောဂါကြိုတင်ကာကွယ်ရေးအသိပညာလုပ်ငန်းများကို မြို့နယ်အဆင့်ကော်မတီ ဖွဲ့စည်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်များ၌ ပညာပေးဂိတ်များဖွင့်၍ mask campaign ပြုလုပ်ဆောင်ရွက်ခြင်း၊ မြို့အဝင် အထွက် ဂိတ်ဖွင့်လှစ်စစ်ဆေးခြင်း၊ ရောဂါကာကွယ် ရေးအသိပညာပေး၊ မြို့တွင်းလှည့် လည်ဆော်သြခြင်း တို့ ဆောင်ရွက်သည်။

ကိုဗစ်-၁၉ ရောဂါကို လေရှီးမြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည် တွင်း ပြည်ပမှ ပြန်ရောက်လာသောခရီးသွားများအား စောင့်ကြည့်စစ်ရေးဂိတ် အိန္ဒိယ နယ်စပ်ဂိတ်(၃)ဂိတ်နှင့်မြို့နယ်ချင်းဆက်ဂိတ်(၁)ဖွင့်လှစ်ပြီးဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများကစောင့်ကြပ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

ခဘိုး( လေရှီး ပြန်/ဆက်)