မော်လိုက် စက်တင်ဘာ ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်ကြက်ခြေနီ ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အတွက် Quarantine စင်တာနှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များအတွက် ယနေ့ နံနက်ပိုင်း က နှာခေါင်း စည်းများ၊ လက်သန့်ဆေးရည်ဗူးများနှင့် တစ်ခါသုံးလက်အိတ်များ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
ယင်းသို့ထောက်ပံ့ရာတွင် မော်လိုက်ခရိုင်ကြက်ခြေနီကော်မတီဝင် ဦးဝင်းလှိုင်နှင့် ခရိုင် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးခင်မောင်မြင့် ဦးဆောင်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက အထက (မော်လိုက်) ကျောင်းရှိ Community Based Facility Quarantine စင်တာနှင့် မြို့ဝင်မြို့ထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များအတွက် စုစုပေါင်း နှာခေါင်း စည်း(၃၀၀)ခု၊ လက်သန့်ဆေးရည် (၆)ဗူး နှင့် တစ်ခါသုံး လက်အိတ် တစ်ဗူးတို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး