စုကလိ ဖေဖော်ဝါရီ ၁၅
နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရေးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လုပ်ငန်းတစ်ရပ်အနေဖြင့် ဖေဖော်ဝါရီ လ ၁၈ ရက်နေ့တွင်ကျရောက်မည့် ၇၅နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းအား ယနေ့နံနက်ပိုင်း အချိန်က စုကလိမြို့ပြည်သူ့စာကြည့်တိုက်တွင် ပြသဆောင်ရွက်ထားသည်။
အဆိုပါ နံရံကပ် ပြဘုတ်တွင် မြန်မာနိုင်ငံသမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ စီးပွားရေးအမြင်ဖလယ်ဆောင်ရွက်ချက်များ စည်းဝေးပွဲတက်ရောက်မှုမှတ်တမ်းများ၊ နိုင်ငံပိုင်တည်ဆောက်ရေးလုပ်ငန်းများအား လေ့လာကြည့်ရှု့မှု မှတ်တမ်းများအား ဝေဝေဆာဆာပြသထားရှိရာ ကျောင်းသား/ ကျောင်းသူများနှင့် မြို့နေပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြု့ရုံးအနေဖြင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများအား တစ်လလျှင် နှစ်ကြိမ် ပုံမှန်ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ပိုပိုအောင်