ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးပုံတူပန်းချီဆွဲ နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းနေအရွယ်ကလေးငယ်များ အသိပညာဗဟုသုတတိုးပွားရန်၊ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍  ပုံတူပန်းချီဆွဲပြိုင်ပွဲ နှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို  ယနေ့  နံနက် ၁၀ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ယုယုသိန်းက ကျောင်းသားကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်နှင့်အရောင်များကို ညီညာလှပစွာ စနစ်တကျရွေးချယ် အသုံးပြုတတ်စေရန်အတွက် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားပြီး အခြေခံပညာမူလတန်းဆင့် ပုံတူပန်းချီဆွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ  Grade-2 နှင့် Grade-3 ကျောင်းသား ကျောင်းသူ (၁၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများအား တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့သည်။

ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့်ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် ပြပွဲ၊ပြိုင်ပွဲများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)