ရွှေတောင် ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် မူလတန်းကျောင်းသား/ကျောင်းသူလေးများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းနေအရွယ်ကလေးများအား နို့တိုက်ကျွေးခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.မ.က (သဲတန်း)နှင့် အ.မ.က (ကမ်းနား)ကျောင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ နွားနို့တိုက်ကျွေးခဲ့ကြောင်း သိရ သည်။
အခမ်းအနားသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက ကျောင်း သား/ကျောင်းသူ လေးများအားဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ ကိုယ်ကာယ ကြံ့ခိုင်ဖွံ့ဖြိုးလာစေရန်၊ အမြင်အာရုံများ အားကောင်းလာစေရန်အတွက် နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်း၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဦး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးချမ်းဝင်းနှင့် အဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၉)ဦးအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်နွားနို့တိုက်ကျွေးခဲ့ပြီး အခြေခံပညာကျောင်းများရှိ မူလတန်းကျောင်းများသို့ ကျောင်းဖွင့်ရက်များတွင်နေ့စဉ်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှသိရသည်။
မြို့နယ်(ပြန်/ဆက်)