နတ်မောက် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်မှစ၍ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးပညာရေးကျောင်းများတွင် ဒုတိယနေ့၌ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးပညာရေးကျောင်းများတွင် နှစ်ဆုံးစာမေးပွဲကို Grade-1 Grade-2 ၊ Grade-3၊ Grade -4 ၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-11 အထိ ကျောင်းသား၊ ကျောင်းသူများကို တစ်နေ့လျှင် (၂)ဘာသာဖြင့်ဖြေဆိုပြီး Grade-5 ၊ Grade-9 ကျောင်းသား/သူများအား ဖေဖော်ဝါရီ(၂၂) ရက်နေ့တွင် ဖြေဆိုကြမည်ဖြစ်၍ Grade-5 ကျောင်းသား/သူများအား ခရိုင်စစ်စာမေးပွဲဖြစ်ပြီး Grade-9 ကျောင်းသား/သူများအား တိုင်းဒေသကြီးစစ်စာမေးပွဲဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။
လှဝင်း