နတ်မောက် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် သဘာဝမြေဆွေးများ လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြုလုပ်ပြသခဲ့သည်။
စူပါဘိုကာရှီမြေဆွေးပုံများ လက်တွေ့ပြုလုပ်ပြသခြင်းဖြင့် တောင်သူများသဘာဝမြေဩဇာတိုးချဲ့ အသုံးပြုလာစေရန်၊ မြေဩဇာဘိုးကုန်ကျမှုသက်သာစေရန်၊ တောင်သူများလက်တွေ့လိုက်ပါ ပြုလုပ်လာစေရန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံစိုက်ခင်းများတွင် ဓာတ်မြေဩဇာလျှော့ချ၍ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရန်အတွက် စူပါဘိုကာရှီမြေဆွေးပြုလုပ်နည်းများကို တောင်သူများနှင့် ပူးပေါင်း၍ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတတ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပါဝင်သည့် အသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။
အဆိုပါ စူပါဘိုကာရှီမြေဆွေးပုံများလက်တွေ့ပြုလုပ်ပြသရာသို့ မကွေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငွေစန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းနှင့် တောင်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
မူမူစန်း