အထက်မင်းလှ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား ဘီတာမင်အေနှင့်သံချဆေးတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် ၉ နာရီက တောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးနှင့် ရုံးရပ်တောင်ပိုင်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘီတာမင်အေနှင့် သံချဆေးတိုက်ကျွေးပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာဒေါ်ဇင်မာဝင်းနှင့် ဆရာမ များက မြို့နယ်အတွင်းရှိ အသက်(၆)လမှ(၅)နှစ်အထိ ကလေးငယ်များအား ဘီတာမင်အေတိုက်ကျွေးပြီး၊ အသက်(၂)နှစ်မှ (၅)အထိ ကလေးငယ်များအား သံချဆေးတိုက်ကျွေးခဲ့သည်။
မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကလေးငယ်များအား ဘီတာမင်အေနှင့် သံချဆေးတိုက်ကျွေးပေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)