စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး မြို့အဝင် စစ်ဆေးရေး ဂိတ်တွင် ခရီးသွား ပြည်သူများအား ကြပ်မတ်စစ်ဆေး

စစ်ကိုင်း စက်တင်ဘာ ၂၈

စစ်ကိုင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး အဖွဲ့များ မှ စစ်ကိုင်း မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အကြောင်းမဲ့ ခရီးသွားလာခြင်းမျိုးများ မဖြစ်ပွားရအောင် အရှိန်အဟုန်မြှင့်တင် ကြပ်မတ် ဆောင်ရွက် ပေး လျှက်ရှိကြောင်းသိရသည်။

"ကျွန်တော်တို့ အဖွဲ့အနေနဲ့ ယခုရက်ပိုင်းမှာ အင်တိုက်အားတိုက် စစ်ဆေးကြပ်မတ်ဆောင်ရွက် ပေးနေပါတယ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Stay at Home သက်မှတ် ထားသည့် ဒေသများမှ ပြည်သူများ စစ်ကိုင်းမြို့ထဲမရောက်ခင် ကြိုတင်စစ်ဆေး တာပါ ခရီးသွားလာခွင့် အထောက်အထားများမပါရှိရင် အဝင်မခံတော့ပါဘူး မဖြစ်မနေသွား လာနေကြတဲ့ ပြည်သူတွေကိုလည်း ခရီးသွားရာဇဝင်တွေယူတယ် ဆက်သွယ်ရမဲ့ နေရပ် လိပ်စာတွေ ယူတယ် ဖုန်းနံပါတ်တွေ ယူတယ် ကျန်းမာရေးစစ်ဆေးမှုတွေလည်း ပြုလုပ်ပေး နေပါတယ် နေ့စဉ်ဆောင်ရွက်သွားမှာပါ " ဟု တာဝန်ရှိသူ တစ်ဦး ကပြောပြ၍သိရသည်။

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အလှူရှင် များ၊ ပရဟိတအဖွဲ့များ၊ အခြားအဖွဲ့အစည်းများကလည်း နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ လက်သန့် ဆေးရည်များ ဆေးကြောပေးခြင်းတို့ကို ဘက်ပေါင်းစုံမှ ဆောင်ရွက် ပေးနေကြကြောင်း သိရသည်။

ဇော်မြင့်နိုင်(စစ်ကိုင်းခရိုင် ပြန်/ဆက်)