ပန်းတောင်း မြို့နယ်တွင် ဓမ္မထေရီကျောင်းသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းဆောင်ရွက်

ပန်းတောင်း ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဓမ္မထေရီကျောင်းသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်း ဥသျှစ်ပင်မြို့ ဓမ္မထေရီကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူးဒေါ်စောမာလာက ကျောင်းသား၊ ကျောင်းသူများကို အားကစားနှင့်ပတ်သတ်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပြီး လက်တွေ့အားကစားနည်းများကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို အတန်းလိုက် အားကစားသရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်၍ အားကစားမှူးဒေါ်စောမာလာမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းသီတာထံသို့ အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ ဆက်)